Skip to content
GitHub

Smarter Loading - Prefetching & Pre-rendering

Content များကို ကြိုတင် Load လုပ်ခြင်း

Section titled “Content များကို ကြိုတင် Load လုပ်ခြင်း”

Website ပေါ်တွင် Page တစ်ခုမှတစ်ခုသို့ ကူးပြောင်းခြင်းကို မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားသကဲ့သို့ လျင်မြန်အောင် Predictive loading နည်းပညာများနှင့် လုပ်ဆောင်နိုင်ပါတယ်။

Predictive Prefetching (ကြိုတင်ခန့်မှန်းပြီး Data များ Fetch ခြင်း)

Section titled “Predictive Prefetching (ကြိုတင်ခန့်မှန်းပြီး Data များ Fetch ခြင်း)”
  • ဘာလဲ - User က နောက်ထပ် ဘယ် link ကို click လုပ်နိုင်ခြေအရှိဆုံးလဲဆိုတာကို ခန့်မှန်းကာ၊ User က လက်ရှိ Page ကို ဖတ်နေစဉ်မှာပင် နောက် Page အတွက် content များကို နောက်ကွယ်မှ download လုပ်ထားခြင်း ဖြစ်သည်။
  • ဘယ်လိုအလုပ်လုပ်လဲ -
    • အသုံးများသော signal တစ်ခုမှာ အသုံးပြုသူက link တစ်ခုပေါ်တွင် mouse ကို တင်ထားလိုက်ခြင်းသည် အဲ့ဒီ link ကို click လုပ်နိုင်ခြေရှိကြောင်း အရိပ်အယောင်တစ်ခုဖြစ်သည်။
    • Quicklink ကဲ့သို့သော JavaScript library များက အဲ့လိုအခြေအနေမျိုးကို သိရှိနိုင်ပြီး Page ကို အလိုအလျောက် prefetch လုပ်ပေးနိုင်သည်။
  • ဘာကြောင့်မြန်တာလဲ - အသုံးပြုသူက ထို link ကို အမှန်တကယ် click လိုက်သည့်အခါ၊ Page သည် browser ၏ cache ထဲတွင် ကြိုပြီး download လုပ်ပြီးသားဖြစ်နေသောကြောင့် ချက်ချင်း ပေါ်လာသည်။
  • စဉ်းစားရမည့်အချက် - အကယ်၍ သင် prefetch လုပ်ထားသော စာမျက်နှာကို အသုံးပြုသူက ဝင်မကြည့်ဖြစ်ခဲ့လျှင် သူ၏ data ကို ဖြုန်းတီးရာကျနိုင်သည်။ ဒါပေမယ့် ဒီ tool များက smart ဖြစ်ပြီး၊ များသောအားဖြင့် connection မြန်ဆန်မှသာ prefetch လုပ်လေ့ရှိသည်။
  • ဘာလဲ - browser များတွင် တစ်ခါတည်းပါဝင်လာသော API အသစ်တစ်ခုဖြစ်ပြီး၊ developer များအား custom JavaScript မလိုအပ်ဘဲ HTML ထဲမှာပင် Page များကို ကြိုတင် render လုပ်ရန် သတ်မှတ်နိုင်သည်။
  • ဘယ်လိုအလုပ်လုပ်လဲ - <script type="speculationrules"> tag ကိုထည့်လိုက်တဲ့ အခါ Page ပေါ်ရှိ ဘယ် link ကိုမဆို User က hover လုပ်သည့်အခါ Browser က Page ကို ကြိုတင် render လုပ်ထားပါသည်။
  • Pre-rendering နှင့် Prefetching ကွာခြားချက် - Pre-rendering သည် prefetching ထက် တစ်ဆင့်ပို၍ ရှေ့ရောက်သည်။ ၎င်းက HTML ကို download လုပ်ရုံသာမက၊ sub-resource အားလုံး (CSS, JS) ကိုပါ download လုပ်ပြီး၊ Page တစ်ခုလုံးကို နောက်ကွယ်ရှိ tab တစ်ခုတွင် render ပါလုပ်ထားသည်။ အသုံးပြုသူက click လိုက်သည့်အခါ၊ browser က အဲ့ဒီ Page ကို ပြသလိုက်ရုံသာဖြစ်သည်။
  • ဘာကြောင့်မြန်တာလဲ - ဤနည်းလမ်းက Page ကူးပြောင်းမှုကို “ချက်ချင်း” ဖြစ်စေသည်။