SQL ဆိုတာ ဘာလဲ?
Database နဲ့ ပတ်သက်တဲ့ နယ်ပယ်ကို စတင် ဝင်ရောက်လာပြီ ဆိုရင်၊ အရင်ဆုံး မေးလေ့ရှိတဲ့ မေးခွန်းကတော့ “SQL ဆိုတာ ဘာလဲ?” ဆိုတာပါပဲ။
ဒီသင်ခန်းစာမှာ SQL ရဲ့ အဓိပ္ပာယ်၊ သူ ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို အရိုးရှင်းဆုံး ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။
SQL ဆိုတာ ဘာလဲ?
Section titled “SQL ဆိုတာ ဘာလဲ?”SQL ရဲ့ အရှည်ကောက်ကတော့ Structured Query Language ဖြစ်ပါတယ်။
သူက “Database (အချက်အလက် သိုလှောင်ရုံ) တွေနဲ့ စကားပြောဆို ဆက်သွယ်ဖို့ သုံးတဲ့ စံသတ်မှတ်ထားတဲ့ ဘာသာစကား တစ်ခု” ဖြစ်ပါတယ်။ Programming တွေလို ရှုပ်ထွေးတဲ့ Logic တွေ ရေးစရာ မလိုဘဲ၊ လူတွေ နားလည်နိုင်တဲ့ ရိုးရှင်းတဲ့ အင်္ဂလိပ် စကားလုံးတွေ (ဥပမာ - SELECT, INSERT, DELETE) သုံးပြီး Data တွေကို လိုသလို ခိုင်းစေလို့ ရပါတယ်။
ဘာလို့ SQL ကို သုံးရတာလဲ?
Section titled “ဘာလို့ SQL ကို သုံးရတာလဲ?”- လွယ်ကူခြင်း: စကားပြောသလို ရေးရတာ ဖြစ်လို့ သင်ယူရတာ အရမ်း မြန်ဆန်ပါတယ်။
- စံနှုန်းတစ်ခုတည်း ဖြစ်ခြင်း (Standard): MySQL, PostgreSQL, SQL Server စတဲ့ နာမည်ကြီး Database တွေ အားလုံးက ဒီ SQL ဘာသာစကား တစ်ခုတည်းကိုပဲ အခြေခံပြီး နားလည်ကြပါတယ်။ ဒါကြောင့် တစ်ခုကို သေချာ ရထားရင် ကျန်တာတွေပါ အလွယ်တကူ သုံးတတ်သွားပါလိမ့်မယ်။
- မြန်ဆန်ခြင်း: Data (အချက်အလက်) တွေ သန်းချီ ရှိနေရင်တောင် ကိုယ်လိုချင်တဲ့ Data ကို စက္ကန့်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် ရှာဖွေပေးနိုင်ပါတယ်။
Relational Database ဆိုတာ ဘာလဲ?
Section titled “Relational Database ဆိုတာ ဘာလဲ?”SQL က Database တွေကို စီမံတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ သူ့ကို အများအားဖြင့် RDBMS (Relational Database Management System) တွေမှာ သုံးလေ့ရှိပါတယ်။
ရိုးရိုးရှင်းရှင်း ပြောရရင် Excel ဖိုင်လိုပဲ Table (ဇယား) ပုံစံနဲ့ သိမ်းတယ်။ ပြီးရင် အဲ့ဒီ Table တွေကို တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး (ဥပမာ - User Table နဲ့ သူ ဝယ်ထားတဲ့ Order Table ကို ချိတ်ဆက်တာမျိုး) အလုပ်လုပ်တဲ့ စနစ်ကို ခေါ်တာပါ။
ဒီလောက်ဆို အခြေခံ သဘောတရားကို ရလောက်ပြီလို့ ထင်ပါတယ်။ နောက်သင်ခန်းစာမှာတော့ လက်တွေ့ စတင်ပြီး Query တွေ ရေးကြည့်ကြပါမယ် ခင်ဗျာ!