Skip to content
GitHub

အခြေခံ TypeScript ရဲ့ အကူအညီ - ကြိုတင်စစ်ဆေးခြင်း

ဒီလိုမျိုး Run တဲ့အချိန်ကျမှ Error တက်တာတွေကို သက်သာဖို့ အတွက်ဆိုရင် TypeScript က အများကြီး ကူညီပေးပါတယ်။ TypeScript က ကျွန်တော်တို့ကို Code မရေးခင် ကိုယ့် Data တွေက ဘယ်လို ပုံစံ၊ ဘယ်လို Type ဖြစ်ရမယ်ဆိုတာ သတ်မှတ်ခိုင်းတယ်။

ဥပမာ “User” ဆိုတဲ့ Data ဆိုရင် သူ့မှာ “name” ဆိုတဲ့ စာသားနဲ့ “age” ဆိုတဲ့ ဂဏန်းပါရမယ် စသဖြင့် သတ်မှတ်တာပေါ့။ ဒါကို Static Typing လို့ခေါ်တယ်။

ဒီလို သတ်မှတ်လိုက်တော့ ဘာကောင်းလဲဆိုတော့ Code ရေးနေတုန်းမှာတင် ဒါမှမဟုတ် Code ကို Program အဖြစ် မပြောင်းခင် Compile လုပ်နေတုန်းမှာတင် Type မှားတာတွေ၊ လိုအပ်တဲ့ အချက်အလက် (Property) မပါတာတွေကို TypeScript က ကြိုပြီး ပြောပြပေးတယ်။

ဒီ Code လေးကို TypeScript နဲ့ ရေးကြည့်ရအောင်။

index.ts
interface User {
name: string;
age: number;
}
function greetUser(user: User): void {
// အခု user က User Type ဖြစ်မှန်း၊ name က string ဖြစ်မှန်း TypeScript က သိနေပြီ
console.log(`Hello, ${user.name.toUpperCase()}!`);
}
let goodUserData: User = { name: "Alice", age: 30 }; // မှန်တယ်
// let badUserData: User = { name: "Bob" }; // ERROR: age မပါဘူးလို့ TypeScript က ကြိုပြောပြီ!
// greetUser(null); // ERROR: null က User Type မဟုတ်ဘူးလို့ ကြိုပြောပြီ!
greetUser(goodUserData); // ဘာမှမဖြစ်ဘဲ အလုပ်လုပ်တယ်

ကျွန်တော်တို့ Comment ပိတ်ထားတဲ့ စာကြောင်းတွေကို comment ပြန်ဖွင့်ကြည့်တဲ့ အခါ

ts error
ts error

TypeScript က ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Type အတိုင်း ဟုတ်မဟုတ် Code ရေးနေတုန်းကတည်းက စစ်ပေးတယ်။ ဒါကြောင့် Run တဲ့အချိန်ကျမှ Error ဖြစ်မယ့်အစား အစောကြီးတင် သိပြီး ပြင်လို့ရသွားတယ်။ ဒါက Program ရေးရတာကို ပိုစိတ်ချရစေတယ်။