Scroll Marker Pseudo-elements
အသုံးပြုပုံ
Section titled “အသုံးပြုပုံ”Scroll လုပ်လို့ရမယ့် Container ထဲက Item တစ်ခုချင်းစီအတွက် ::scroll-marker ဆိုတဲ့ Pseudo-element ကို ဖန်တီးပေးရပါမယ်။
/* ၁။ ပင်မ Container */.carousel { overflow-x: auto; scroll-snap-type: x mandatory;
/* Marker (အစက်လေးတွေ) ကို အောက်နားမှာ စုပြီး ပြမယ်လို့ သတ်မှတ်တာပါ */ scroll-marker-group: after;}
/* ၂။ အထဲက Item တစ်ခုချင်းစီ (ဥပမာ - ပုံများ) */.slide { width: 100%; scroll-snap-align: center;}
/* ၃။ Markers (အောက်က အစက်လေးများ၏ ဒီဇိုင်း) */.slide::scroll-marker { content: ""; width: 10px; height: 10px; border-radius: 50%; background: gray; cursor: pointer;}
/* ၄။ Active Marker (လက်ရှိ ရောက်နေတဲ့ Slide ရဲ့ အစက်ကလေးကို အရောင်ပြောင်းမယ်) */.slide::scroll-marker:target-current { background: blue;}ဘယ်လို အလုပ်လုပ်လဲ?
Section titled “ဘယ်လို အလုပ်လုပ်လဲ?”- Browser က
.slide(ပုံတစ်ပုံချင်းစီ) အတွက် Marker အစက်လေး တစ်ခုစီကို အလိုအလျောက် ဖန်တီးထုတ်ပေးပါတယ်။ - အဲ့ဒီ Marker တွေကို
.carouselရဲ့ အောက်ဘက် (after) မှာ သွားပြီး အုပ်စုလိုက် စုပေးထားပါတယ်။ - User က Marker လေးကို နှိပ်လိုက်ရင်၊ သက်ဆိုင်ရာ Slide ဆီကို အလိုအလျောက် Scroll ဆွဲပေးသွားပါမယ်။
- ကိုယ်တိုင် Scroll ဆွဲလိုက်ရင်လည်း၊ သက်ဆိုင်ရာ နေရာရောက်တာနဲ့ Marker က သူ့အလိုလို Active အရောင် ပြောင်းသွားမှာ ဖြစ်ပါတယ်။